ဇိဝိတဒါန သံဃာ့ဆေးရုံကြီး၏ ရည်ရွယ်ချက်
လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လာလာသမျှ မကျန်းမာသူ ဂိလာန ပုဂ္ဂိုလ်များအား အခမဲ့ စမ်းသပ် ဆေးဝါးများ ကုသပေးနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။

လက်ရှိမြေ (၂.၂၁၂) ဧကပေါ်တွင် လှူဒါန်းငွေများဖြင့်ဆောက်လုပ်ထားသောအောက်ပါ
ဆေးရုံ အဆောက်အအုံများ ရှိနေပါသည်။
(က) |
သာဝတ္တိဆောင် |
၆-၁၂-၁၉၅၂ |
(ခ) |
ဇီဝကဆောင် |
၂၈-၁-၁၉၈၆ |
(ဂ) |
ဗာရာဏသီဆောင် |
၂၅-၁-၁၉၈၇ |
(ဃ) |
ရာဇဂြိုလ်ဆောင် |
၂၅-၁၁-၁၉၉၀ |
(င) |
သီလရှင်ဆေးရုံ |
|
၃ - ထပ်ဆောင် |
၂၇-၁၂-၁၉၈၈ |
|
၎ -ထပ်ဆောင် |
၁၂-၁၁-၁၉၉၄ |
|
(စ) |
ဝေဇယန္တာဆောင်
(ရှစ်ထပ်) |
၁၈-၂-၂၀၀၃ |
| (ဆ) |
ဇေတ၀န်ဆောင် (ခြောက်ထပ်) |
၂၁-၁၂-၂၀၀၇ |
သံဃာတော်အဆောင်များ
အထက်ဖော်ပြပါ အဆောင်များအနက် သာဝတ္တိဆောင်၊ ဗာရာဏသီဆောင်၊ ရာဇဂြိုလ်ဆောင်များ တွင် အတွင်းလူနာသံဃာတော်များကို လည်းကောင်းထားရှိပြီး သီလရှင်ဆေးရုံတွင် သီလရှင်အတွင်း လူနာများ ထားရှိပါသည်။ ဇီဝကဆောင်မှာ သံဃာပြင်ပလူနာဆောင်ဖြစ်ပါသည်။ သီလရှင် ဆေးရုံ တွင် သီလရှင်များအတွက် ပြင်ပလူနာဌာနအပြင် ခွဲစိတ်ဆောင်ပါထားရှိ ပါသည်။အထူးကု ပြင်ပလူနာဌာနများနှင့် ခွဲစိတ်ဆောင်များ
ဝေဇယန္တာဆောင်တွင်
အထူးကုပြင်ပလူနာဌာနများ၊
ရောဂါရှာဖွေရေးဌာနများ၊
ဆေးပစ္စည်းသိုလှောင် ရုံနှင့်
သံဃာတော်/အမျိုးသား လူနာများအတွက်
အထွေထွေခွဲစိတ်မှု၊
ဆီးလမ်းကြောင်း ဆိုင်ရာ
ခွဲစိတ်ဆောင်၊
လူနာအားလုံးအတွက်
မျက်စိခွဲစိတ်ဆောင်၊
နား၊ နှာခေါင်း၊
လည်ချောင်း ခွဲစိတ်ဆောင်
များထားရှိပါသည်။
ဆောက်လုပ်ဆဲ
(၆) ထပ်ဆေးရုံကြီးပြီးစီးပါက၊
လူပုဂ္ဂိုလ်များအတွက်
ပြင်ပလူနာဌာန၊ မျက်စိအထူး ကု ပြင်ပလူနာဌာန၊
မျက်စိခွဲစိတ် သံဃာတော်များအတွက်
သီးခြားလူနာဆောင်၊
ဆေးရုံသုံးစ္စည်း ကိရိယာများ သိုလှောင်ခန်း
စသည့်တို့ရှိရန် စီစဉ်ထားပါသည်။
|
||||||||||||||