ဇိဝိတဒါန သံဃာ့ဆေးရုံကြီး၏ ရည်ရွယ်ချက်
လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လာလာသမျှ မကျန်းမာသူ ဂိလာန ပုဂ္ဂိုလ်များအား အခမဲ့ စမ်းသပ် ဆေးဝါးများ ကုသပေးနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။
၈.၅.၂၀၁၀ရက်နေ့တွင် ပြုလုပ်သော ဇီဝိတဒါနသံဃာ့ဆေးရုံ နှစ်(၇၀)ပြည့်
အထိမ်းအမှတ် လုပ်အားပေးစေတနာဆရာဝန်ကြီးများ ဂုဏ်ပြုပွဲအခမ်းအနားတွင်
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ပြောကြားသော မိန့်ခွန်းအကျဉ်းချုပ်
ယနေ့ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးကို ဇီဝိတဒါန ဆေးခန်းငယ်ကလေးကစပြီး တည်ထောင်ခဲ့တာ နှစ်(၇ဝ)ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ဆေးခန်းကို မူလဖွဲ့စည်းတည်ထောင်ခဲ့သူ ပုဂ္ဂိုလ်ကြီးများအနေဖြင့် ငွေအလှူ၊ ပစ္စည်းအလှူ၊ လုပ်အား
အလှူစတဲ့ အလှူကြီး(၃)ရပ်ပေါ်မှ အခြေပြုခဲ့တာ ယနေ့အထိ ဖြစ်ပါတယ်။
ဆေးခန်းစတင်ဖွင့်လှစ်စဉ်က အများပြည်သူများ၏ ငွေအလှူ၊ ပစ္စည်းအလှူအပြင် လုပ်အားဒါနပြုခဲ့ကြ
တဲ့ ဆေးခန်း အုပ်ချုပ်ရေးအဖွဲ့ဝင်(၁ဝ)ဦး၊ ဆရာဝန်ကြီး(၄)ဦးနှင့် စတင်ခဲ့တာဖြစ်ပါတယ်။ အုပ်ချုပ်ရေး
အဖွဲ့မှာ ဥက္ကဌအဖြစ်အငြိမ်းစား အရေးပိုင် ဦးဘအေး၊ ဒု- ဥက္ကဌများအဖြစ်တရားရေးဝန်ကြီးဒေါက်တာ
ဘဦး၊ ရှေ့နေချုပ် ဦးသိန်းမောင်တို့ ပါဝင်ခဲ့ပြီး အကျိုးဆောင်များအဖြစ် ဦးလှမောင်၊ ဦးမျိုးမင်းတို့ ဖြစ်ကြပါတယ်။
အဲဒီအချိန်က မြန်မာဆရာဝန် ရှားပါးတဲ့အတွက် လုပ်အားဒါနပေးတဲ့ ဆရာဝန်(၄)ဦး အနက် (၂)ဦး
ဟာ ဟိန္ဒူအမျိုးသား ဆရာဝန်ကြီးများဖြစ်တဲ့ ဒေါက်တာ အေဘီရောင်းနဲ့ ဒေါက်တာ အိပ်ခ်ျဘီလား
တို့ ဖြစ်ကြပါတယ်။ မြန်မာဆရာဝန်(၂)ဦးကတော့ ဒေါက်တာဦးဘိုးဘေနှင့် ဒေါက်တာ ဦးဘခက်တို့ ဖြစ်ကြပါတယ်။
ဒုတိယကမ္ဘာ စစ်ကြီးအတွင်းမှာ ဆေးခန်းပျက်မသွားဘဲ ယာယီပိတ်ထားခဲ့ရာမှ စစ်ကြီး ပြီးတဲ့အခါ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာ မူလတည်ထောင်သူ ဥက္ကဌ ဦးဘအေး ကွယ်လွန်သွား
တဲ့အတွက် ဒေါက်တာ ဘဦးက ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ဆေးခန်းမှ ဆေးရုံဖြစ်အောင် ကြိုးစားခဲ့ပါ
တယ်။
၁၉၅၁ ခုနှစ်မှာ လက်ရှိ ဆေးရုံတည်ရာ မြေကွက်နှင့်အိမ်ဟောင်းကြီး (၁)လုံးကို ဝယ်ယူခဲ့ပြီး တိုက်
အဆောက်အအုံသစ်ကို တည်ထောင်နိုင်ခဲ့ပြီး ၆.၁၂.၅၂ ရက်နေ့မှာ ကုတင်(၂၅) ကုတင်ဆံ့ ဇီဝိတ
ဒါနဆေးရုံအဖြစ် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
စစ်ပြီးခေတ်နောက်ပိုင်း ဆေးရုံပင်တိုင်ဆရာဝန်(၂)ဦးသာ ရှိပြီး လုပ်အားပေးဆရာဝန် (၁၇)ဦး ရှိခဲ့ပါ
တယ်။ ဇီဝိတဒါနဆေးရုံ ဆက်လက်တည်တံ့ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့ဝင် အဆက်ဆက်၏ ကြိုး
ပမ်းမှု၊ ဆရာဝန်ကြီးများ၏ စေတနာ လုပ်အားတွေကြောင့် တဖြည်းဖြည်း တိုးတက်လာပြီး ယနေ့
ခေတ်မီ ဆေးရုံကြီး ဖြစ်လာရခြင်း ဖြစ်ပါတယ်။
၁၉၅၂ ခုနှစ်မှာ ဆေးရုံအဆောက်အအုံ(၁)ခုသာ ရှိခဲ့ရာ ၁၉၈၅ ခုနှစ်မှ ၂ဝဝ၇ ခုနှစ်အတွင်း အဆောက်
အအုံ (၇)လုံး တိုးချဲ့ဆောက်လုပ်နိုင်ခဲ့ပြီး သံဃာတော်အပါး(၁ဝဝ)နဲ့၊ သီလရှင်အပါး(၅ဝ)ကို အတွင်း
လူနာအဖြစ် လက်ခံကုသနိုင်တဲ့အခြေအနေ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒီလိုအခြေအနေ ရောက်ရှိလာခြင်းဟာ စေတနာဆရာဝန်ကြီးများရဲ့ လုပ်အားဒါနဟာ အဓိကကျတဲ့ ကဏ္ဍက ပါဝင်နေပါတယ်။ ယနေ့ဇီဝိတဒါနသံဃာ့ဆေးရုံကြီးဟာ အထွေထွေရောဂါကု ဆေးရုံကြီး
ဖြစ်ပြီး ဝန်ထမ်းဆရာဝန် (၃၂)ဦး ရှိပါတယ်။ လုပ်အားပေး စေတနာ
ဆရာဝန် (၁၄ဝ)ဦး ရှိပြီး အဲဒီ
အထဲမှာ (၉ဝ)ရာခိုင်နှုန်းက အထူးကု ဆရာဝန်ကြီးများ ဖြစ်တဲ့အတွက် အထူးကု ဆရာဝန်ကြီးများ လုပ်အား ဒါနပြုနိုင်ဖို့ ဆေးကိရိယာ ပစ္စည်း၊ ဆေးဝါးနှင့် ဝန်ထမ်းများကို စီစဉ်ပေးတဲ့အတွက် ဂိလာန
သံဃာတော်နှင့် သီလရှင်များကို အထူးကု(၁၉)မျိုး ကုသိုလ်ဖြစ်ကုသပေးနိုင်တဲ့အပြင် လူပုဂ္ဂိုလ်များ
ကိုလည်း ဆင်းရဲချမ်းသာမရွေး၊ ဘာသာမရွေး ကုသပေးလျက်ရှိပါတယ်။
ဇီဝိတဒါနသံဃာ့ဆေးရုံကြီးရဲ့ (၂ဝဝ၉)ခုနှစ်အတွင်း ဆေးကုသမှုမှတ်တမ်းကို ကြည့်မယ် ဆိုရင်-
| (က) | ရောဂါရှာဖွေပေးခြင်း |
|
| သံဃာတော် | ၈၂၁၂-ပါး | |
| သီလရှင် | ၃၇၅၈-ပါး | |
| လူပုဂ္ဂိုလ် | ၁၁၆၉ဝ-ဦး | |
| စုစုပေါင်း | ၂၃၆၆ဝ | |
| (ခ) | ပြင်ပလူနာဌာန | |
| သံဃာတော် | ၃ဝ၅၈၂-ပါး | |
| သီလရှင် | ၂ဝ၅၉၁-ပါး | |
| လူပုဂ္ဂိုလ် | ၁၄၈၅၄-ဦး | |
| စုစုပေါင်း | ၆၆ဝ၂၇ | |
| (ဂ) | အထူးကုပြင်ပလူနာဌာန |
|
| သံဃာတော် | ၂၉၄၁၄-ပါး |
|
| သီလရှင် | ၁၂ဝ၇၇-ပါး | |
| လူပုဂ္ဂိုလ် | ၄၇၉၄၉-ဦး | |
| စုစုပေါင်း | ၈၉၄၄ဝ | |
| (ဃ) | အတွင်းလူနာ | |
| သံဃာတော် | ၂၆၈၁-ပါး | |
| သီလရှင် | ၄၇၅-ပါး | |
| လူပုဂ္ဂိုလ် | ၁၅ဝ၅-ဦး | |
| စုစုပေါင်း | ၄၆၆၁ |
ဒီဝန်ဆောင်မှု ပမာဏကို ကြည့်ရင် ဆေးရုံကြီးရဲ့ ဆေးဝန်ထမ်း အင်အားနှင့် မမျှပါဘူး၊ စေတနာ
လုပ်အားပေး ဆရာဝန်ကြီးများရဲ့ ဝန်ဆောင်မှု အများကြီး ပါရှိပါတယ်။
ဒါကြောင့်မို့ ဆေးရုံကြီး၏ အဓိက ဆေးကုသမှုလုပ်ငန်း ရှင်သန်တည်တံ့နေခြင်းဟာ ငွေအလှူ၊ ပစ္စည်းအလှူ၊ လုပ်အားအလှူ
ကြောင့်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။
ဆေးရုံ အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် မင်္ဂလာ တရားတော်နှင့်အညီ ကျေးဇူးပြုသူကို ကျေးဇူးသိတက်တဲ့ အနေနှင့် အလှူရှင်များကို ဂုဏ်ပြရခြင်း ဖြစ်ပါတယ်။ အလှူငွေ၊ ပစ္စည်း ကျပ်တစ်သောင်းနှင့် အထက် အလှူရှင်များကို ၁၉၉၃ ခုနှစ်ကစပြီး စုပေါင်းရေစက်ချပွဲနှင့် ဂုဏ်ပြုပွဲကို ပြုလုပ်ခဲ့တာ (၅၈)ကြိမ် ရှိ
သွားပြီ ဖြစ်ပါတယ်။ လုပ်အားပေးဆရာဝန်ကြီးများ ဂုဏ်ပြုပွဲကို ၁၉၉၈ ခုနှစ်က စတင်ပြုလုပ်ခဲ့တာ ယခုအကြိမ်ပါဆိုရင် (၅)ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။
လုပ်အားပေးဆရာဝန်ကြီးများထဲမှာ နှစ်ပေါင်း(၃ဝ)ကျော် လုပ်အားပေးနေသူများ ပါရှိသလို နှစ်ခါပြန် လုပ်အားပေးသူများလည်း ရှိပါတယ်။ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဂုဏ်ပြုပွဲများ လုပ်နေခြင်းဟာ ကျေးဇူးဆပ်နေတာ မဟုတ်ပါဘူး၊ ကျေးဇူးဆိုတာ ဆပ်မကုန်ပါဘူး၊ ကျေးဇူးသိကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။ စေတနာဆရာဝန်ကြီးများကလည်း ဂုဏ်ပြုခံချင်လို့လုပ်အားပေး နေတာ မဟုတ်ကြပါ
ဘူး၊ စေတနာအပြည့်အဝနဲ့ ကုသိုလ်ယူ၊ ပီတိစားနေသူများ ဖြစ်ကြပါတယ်။
ယခုလို ဆေးရုံသက်တမ်း အနှစ်(၇ဝ) ပြည့်တဲ့အချိန်မှာ လုပ်အားပေးနေကြတဲ့ ဆရာဝန်ကြီးများကို ဂုဏ်ပြုရတဲ့အတွက် ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် များစွာဝမ်းမြောက် ပီတိ ဖြစ်ရပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။